ကြို့ပင်ကောက်မြို့နယ် ချောင်းခွကျေးရွာမှ စစ်မှုထမ်းစုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း 

ကြို့ပင်ကောက်မြို့နယ် ချောင်းခွကျေးရွာမှ စစ်မှုထမ်းစုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း 

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ချောင်းခွကျေးရွာမှ စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးခြင်းနှင့် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ပဲခူးရိုးမအခြေပြုတပ်ခွဲ၊ ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF အဖွဲ့ထံမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ် မြို့ကိုင်းအုပ်စု ချောင်းခွကျေးရွာနေ အုပ်ချုပ်ရေးမှူး ရန်အောင်စိုးအား ၂၀၂၄ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နံနက် (၁၁) နာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ် တပ်သားသစ် အဓမ္မစုဆောင်းခြင်း ၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းနှင့် ဒေသခံများအပေါ် နိုင်ထက်စီးနင်း ပြုမူနေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း BTZM GBK PDF အဖွဲ့က ဆိုသည်။

ပစ်ခတ်ရှင်းလင်းပြီးနောက် အုပ်ချုပ်ရေးမှူးထံမှ မိုဘိုင်းဖုန်းတစ်လုံးနှင့် လောက်လေးခွတစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ (၃) နတ်စစ်သည် တပ်ခွဲတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency