လေကြောင်းခရီးစဉ်များအားလုံး ဧပြီလ(၁)ရက်နေ့ကစပြီး မှတ်ပုံတင် မပါရင် လေယာဉ်စီးခွင့်မရ

လေကြောင်းခရီးစဉ်များအားလုံး ဧပြီလ(၁)ရက်နေ့ကစပြီး မှတ်ပုံတင် မပါရင် လေယာဉ်စီးခွင့်မရ

အာဏာသိမ်းစစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ခရီးသွားပြည်သူများအားလုံး မှတ်ပုံတင်ပါရမည်ဖြစ်ပြီး ထောက်ခံစာများဖြင့် ခရီးသွားလာခွင့်မပြုတော့ကြောင်း ထုတ်ပြန်ချက်များအရ လေကြောင်းခရီးစဉ်များအားလုံးလည်း ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက်နေ့က စပြီး မှတ်ပုံတင်မပါလျှင် လေယာဉ်စီးခွင့်ရတော့မည် မဟုတ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများက အသိပေးကြေညာလာသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၊ မန်းရတနာပုံလေကြောင်းလိုင်း နှင့် Air KBZ အပြင် Air Thanlwin တို့က အသိပေးကြေညာလာခြင်း ဖြစ်သည်။

ယခင်က လေကြောင်းခရီးစဉ်များတွင် မှတ်ပုံတင်မရှိ၍ အခက်အခဲဖြစ်နေသူများက ကျောင်းသားကတ်များ၊ ယာဉ်မောင်းလိုင်စင်များအပြင် လဝက နှင့် ရဲစခန်းထောက်ခံစာများဖြင့် ခရီးသွားလာမှုများလည်းရှိခဲ့ရာမှ ယခုအခါတွင် ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက်နေ့က စပြီး ခရီးသွားလာသူအားလုံး မှတ်ပုံတင်ပါမှရတော့မည်ဖြစ်ပြီး ထောက်ခံစာဖြင့် ခရီးသွားလာခြင်းများ ရတော့မည်မဟုတ်ကြောင်း သိရသည်။