တောင်ငူမြို့နယ် လျှပ်စစ်ရုံးက ဝန်ထမ်း(၁)ဦး မီတာခစာရွက် လိုက်ဝေရင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေ

တောင်ငူမြို့နယ် လျှပ်စစ်ရုံးက ဝန်ထမ်း(၁)ဦး မီတာခစာရွက် လိုက်ဝေရင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေ
ဖေဖော်ဝါရီ 12, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် မီတာခစာရွက် လိုက်ဝေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် (၃) ချက်ပစ်ခတ်ခံရပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရသည့် လျှပ်စစ်ဝန်ထမ်းသည် မီတာခမပေးသည့်အိမ်များကို မီးလိုက်ဖြတ်သည့်အဖွဲ့တွင် ပါဝင်သူဖြစ်၍ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

အာဏာသိမ်းစစ်ကောင်စီကို အခွန်ငွေဖြင့် အထောက်အပံ့မဖြစ်စေရေးအတွက် မီတာခအပါအဝင် အခွန်အခများ မပေးဆောင်ခြင်းဖြင့် CDM ပြုလုပ်နေသည့်လူထုထံမှ အခွန်အခများကောက်ခံရေးအတွက် အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းများအား ခိုင်းစေနေရာမှ ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုများ ဖြစ်လာသည်ကို တွေ့ရသည်။

လက်ရှိတွင် လျှပ်စစ်ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲများကိုခေါ်၍ မီးလိုက်ဖြတ်နေကြောင်း ဒေသခံများကပြောသည်။

တောင်ငူမြိုနယ်တွင် ဒေသခံပြည်သူများက မီတာခမဆောင်ဘဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသဖြင့် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများက ရပ်ကွက်ရုံးအထိခေါ်ကာ မီတာဆောင်ကြရန် ယခုရက်ပိုင်းအတွင်းဖိအားပေးနေကြောင်း သိရသည်။