ဒေသတွင်း စစ်ဘေးရှောင်နေရသူများကို KNU က လူသားချင်းစာနာမှုအကူအညီပေးနေ

Photo: KNU
Photo: KNU
ဒေသတွင်း စစ်ဘေးရှောင်နေရသူများကို KNU က လူသားချင်းစာနာမှုအကူအညီပေးနေ
ဇန်နဝါရီ 9, 2022 | အခြားဒေသများ

KNU နယ်မြေကို အာဏာသိမ်းစစ်တပ်က နယ်ကျော်ဝင်ရောက် စစ်ရေးလှုပ်ရှား နေမှုများကြောင့် တောတောင်များတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံများကို KNU က လူသားချင်းစာနာမှုအကူအညီများ ပေးနေကြောင်း သိရသည်။

KNU - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ထွီသီးအူရှိ စစ်ဘေးရှောင်ပြည်သူလူထုများအား စောင်၊ ခြင်ထောင်၊ ဆန်၊ ဆီ၊ ဆား စသည့်ပစ္စည်းကို KNU/KNLA တပ်သားများက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် သွားရောက်ပေးအပ်ကြကြောင်း သိရသည်။

KNU မူတြော်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် ၎င်းတို့၏လက်အောက်ခံတပ်များသည် စစ်ရေးလှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဥ်ဆက်မပြတ် ပြုလုပ်နေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နှင့် ထိတွေ့ပြီး နေ့စဥ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

ဒေသတွင်းတိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကို လူနေရပ်ကွက်မရှောင်ပြုလုပ်နေသဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency