စစ်ကောင်စီ၏ ရေဦးတိုင်းရင်းဆေးရုံအထိုင်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သားအဖနှစ်ဦး သေဆုံးဒဏ်ရာရ

စစ်ကောင်စီ၏ ရေဦးတိုင်းရင်းဆေးရုံအထိုင်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သားအဖနှစ်ဦး သေဆုံးဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေဦးမြို့တိုင်းရင်းဆေးရုံတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်မှန်ကာ သားအဖနှစ်ဦးတွင် ဖခင်ဖြစ်သူသေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာရကြောင်း 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 ထံမှ သိရသည်။

စစ်ကောင်စီတပ်များအထိုင်ချထားသည့် ရေဦးတိုင်းရင်းဆေးရုံက ၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့ ညနေပိုင်းတွင် (၁၂၀)မမနှင့် ပစ်ခတ်ရာ ရေဦးမြို့မြောက်ဘက်ခြမ်း ဖိန်းကားရွာအနီးရှိ စူပါဖိုက်ဆန်စက်သို့ ကျရောက်ပေါက်ကွဲပြီး စပါးတင်ရန် ရောက်ရှိနေသည့် ကုန်းတန်းကျေးရွာမှ သားအဖနှစ်ဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကြောင့် ကိုဝင်းဇော်မိုး (၄၀)နှစ်မှာ ဆီးခုံထိမှန်၍ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့ရ ပြီး သမီးဖြစ်သူ မသိမ့်နန္ဒာဦး(၁၉)နှစ်မှာလည်း ပြင်းထန်စွာဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞