တီးတိန်မြို့နယ်အတွင်း ကနေဒီတောင်ခြေ တိုက်ပွဲတွင် အာဏာသိမ်း စစ်တပ်ဘက်က (၂)ဦးသေသလို သေနတ်(၂)လက်လည်း သိမ်းဆည်းရရှိ

Photo: CDF-KKG
Photo: CDF-KKG
တီးတိန်မြို့နယ်အတွင်း ကနေဒီတောင်ခြေ တိုက်ပွဲတွင် အာဏာသိမ်း စစ်တပ်ဘက်က (၂)ဦးသေသလို သေနတ်(၂)လက်လည်း သိမ်းဆည်းရရှိ
နိုဝင်ဘာ 7, 2021 | အခြားဒေသများ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ကနေဒီတောင်ခြေအနီးတွင် Chinland Defense Force - Kalay Kabaw Gangaw ၏ တပ်ရင်း ၂ (CDM Siyin) နှင့် Zoland PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဘက်က (၂)ဦးသေဆုံးသလို သေနတ်(၂)လက်လည်း လက်ရသိမ်းဆည်းရခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က တီးတိန်မြို့နယ်၊ အာလွယ်ရွာ နှင့် ဆိုဇန်ရွာအကြား၊ တွီဆောင်ရွာလမ်းခွဲအနီးရှိ ကနေဒီတောင်ခြေဝန်းကျင်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၂)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသွားသူလည်းရှိသည့်အပြင် သေနတ်(၂)လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကာ  CDF-KKG နှင့် Zoland PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးသာ မစိုးရိမ်ရသည့် ကျည်ထိမှန်  ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။