အာဏာသိမ်း စစ်ကောင်စီတပ်၏ ကြိတ်စခန်းကို (၁၇)မိနစ်အတွင်း KNU က သိမ်းပိုက်နိုင်ခဲ့

Photo: KNU
Photo: KNU
အာဏာသိမ်း စစ်ကောင်စီတပ်၏ ကြိတ်စခန်းကို (၁၇)မိနစ်အတွင်း KNU က သိမ်းပိုက်နိုင်ခဲ့
စက်တင်ဘာ 21, 2022 | အခြားဒေသများ

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ကြိတ်စခန်းကို စက်တင်ဘာလ (၂၀)ရက်နေ့က (၁၇)မိနစ်အတွင်း သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာလ (၂၁)ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်လာသည်။ 

အဆိုပါ စခန်းကို နေ့လည်(၂)နာရီ(၂)မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး (၁၇)မိနစ် အကြာတွင် ခမရ- ၅၅၇ ၏ ကြိတ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ 

သိမ်းဆည်းရသော ကျည်များက MA ကျည်ဘောက် ၁၇ ခု၊ ၉ မမ ကျည် ၄၄ တောင့်၊ ၁၆ ကျည်ဘောက် ၄ ခု၊ sinper ကျည်ဘောက် ၃ ခု၊ ၆၀ မမ ကျည် ၁၂ တောင့်၊ ၆၃ မမ ကျည် ၁၁ တောင့်၊ အီနာဂါ ၁ လုံး၊ ၄၀ မမကျည် ၁၀ တောင့်၊ BA109 လက်ပစ်ဗုံး ၂ လုံး၊  ၇၃ ယမ်းတောင့် ၅ ခု၊  စက်လက်ကျည်၂၂၉ တောင့်၊  AKကျည်ဘောက်ဝိုင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၃ လုံး၊ ကပစ ၅.၅၆ ကျည် ၂၂၂၃ တောင့်၊ စိန်ပြောင်းချိန်သီး ၁ လုံး၊ MA5 ကျည် ၂ တောင့်၊ RPG ၂ လက်၊  BA 100 စိန်ပြောင်း ၁ လက်၊ ငါးကြင်းမြီးစက်လက် ၁ လက်၊ ပြောင်းပို ၁ ခု၊  AK ၁ လက်၊  MAS sinper ၁ လက်၊ MA4.MAK ပူးတွဲ ၁ လက်၊  MA1 ၂ လက်၊၊ MA3 ၂ လက်၊ MA5 ၂ လက်၊  MG3 ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၇)ဦးသေပြီး  (၂)ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

ကြိတ်စခန်းကို သြဂုတ်လ (၈)ရက်ကစပြီး ပိတ်ဆို့ကာ ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့ကာ ယမန်နေ့တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။