ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်အတွင်း ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ နံနက်ပိုင်းက လူကြမ်းသရုပ်ဆောင် တင်ကိုကိုအား အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားကြောင်း သံလျင်အင်ဖော်မေးရှင်း၏ ဖေါ်ပြချက်အရ သိရသည်။
ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒဏ်ရာရသွားသည့် လူကြမ်းသရုပ်ဆောင် တင်ကိုကိုအား အာဏာသိမ်းစစ်တပ်က ရပ်ကွက်ရုံးတွင် ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်စစ်ဆေးခံနေရပြီး ဆေးကုသမှု မရကြောင်း သိရသည်။
ဘုရားကုန်းအုပ်စု ကျောက်ရေတွင်းကွက်သစ်ရပ်ကွက်၊ ရုံးလမ်းဘဝလွတ်မြောက်ရေးလမ်းဆုံမှ ရပ်ကွက်ရုံးတွင် ရှိနေသည့် အာဏာသိမ်းစစ်တပ်က နံနက် (၆) နာရီခွဲဝန်းကျင်၌ ရပ်ကွက်ရုံးအရှေ့လမ်းတွင် တင်ကိုကိုအား လက်နှင့်ခြေထောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ လက်ချောင်းများပြတ်တောက်ခြင်း၊ ခြေထောက်တွင် ကျည်ဖေါက်ဝင်ဒဏ်ရာရခြင်းများ ဖြစ်သွားကြောင်း သိရသည်။
ယင်းအပြင် တင်ကိုကို၏ ဖခင်နှင့် ယောက်ဖဖြစ်သူကိုလည်း အာဏာသိမ်းစစ်တပ်က နေအိမ်တွင် လာရောက်ဖမ်းဆီးသွားပြီး ယခုအချိန်ထိ မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။