အရပ်သားကားဖြင့် သယ်လာသည့် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့သုံး ပစ္စည်းများကို မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းရမိ

Photo: UDLA
Photo: UDLA
အရပ်သားကားဖြင့် သယ်လာသည့် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့သုံး ပစ္စည်းများကို မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းရမိ
ဒီဇင်ဘာ 1, 2021 | အခြားဒေသများ

အရပ်သားကားဖြင့် သယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ဖွဲ့သုံးပစ္စည်းများကို မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းရမိ

* * * * * 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသို့ ပို့မည့် အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့သုံးပစ္စည်းများ သယ်လာသည့် အရပ်သားကားတစ်စီးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သိမ်းဆည်းရမိကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ရဲတပ်ဖွဲ့သုံးပစ္စည်းများအား အရပ်သားကားဖြင့်ပို့မည့်သတင်းအရ စောင့်ဆိုင်းရှာဖွေရာမှသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး  ရဲယူနီဖောင်းများ၊ ဖုန်းများနှင့် တခြားအသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါကားအား မောင်းနှင်လာသည့် အရပ်သား (၂) ဦးမှာ အတင်းအကြပ်စေခိုင်း၍ ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း ပြောဆိုကြသဖြင့် ၎င်းတို့အား ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုင်းထားကြောင်း သိရသည်။

မြောင်ဒေသသို့ ဖြတ်သန်းမည့် အရပ်သားကားများအနေဖြင့် အရေးပေါ်ကိစ္စရှိမှသာ သွားလာကြရန်နှင့်  သွားလာမည်ဆိုပါက မြောင်လမ်းကြောင်း Group (သို့မဟုတ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ကြိုတင်အသိပေးနိုင်ကြကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။