နေပြည်တော်တွင် ပြိုကျသွားသည့် ဟိုတယ်အတွင်း (၅)ရက်ကြာ ပိတ်မိနေသည့် နောက်ထပ် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်

နေပြည်တော်တွင် ပြိုကျသွားသည့် ဟိုတယ်အတွင်း (၅)ရက်ကြာ ပိတ်မိနေသည့် နောက်ထပ် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် (၆)ထပ်ရှိ ဟိုတယ်အေးချမ်းသာတွင် (၅)ရက်အကြာ ပိတ်မိနေရာမှ ယခုအခါ  အသက်ရှင်လျက်ဖြင့် နောက်ထပ် အမျိုးသား(၁)ဦးကို ထပ်မံကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

ငလျင်ကြောင့် ဟိုတယ်အေးချမ်းသာ၏ အောက်ဆုံး(၂)ထပ် ပြိုကျ၍ ပိတ်မိနေသူများထဲမှ အသက်ရှင်လျက်ဖြင့် အမျိုးသားတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ကယ်ထုတ်ထားနိုင်ပြီး ယခုအခါမှာ ဒုတိယမြောက် ဖြစ်သည်။

အဆောက်အဦး အောက်ဆုံး(၂)ထပ်ပြိုကျ၍ ပိတ်မိနေသူများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များ၊ တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များ အပါအဝင် ပူးပေါင်းအဖွဲ့များက ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၂)ရက်နေ့ နံနက်ပိုင်းကစပြီး ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေလျှက်ရှိသည်။

#TachileikNewsAgency