အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့ပေးနေသူ၏ ဓါတ်ဆီဆိုင် ဗုံးခွဲခံရ

အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့ပေးနေသူ၏ ဓါတ်ဆီဆိုင် ဗုံးခွဲခံရ
ဇန်နဝါရီ 4, 2022 | အခြားဒေသများ

 အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီထောက်ပံ့နေသည့် မြန်မာနိုင်ငံစက်သုံးဆီအသင်းဥက္ကဌ ဒေါက်တာဝင်းမြင့်ပိုင် ရန်ကုန်တိုင်း၊ တာမွေမြို့ရှိ မြတ်မေတ္တာမွန်ဆီဆိုင် ယနေ့ ဇန်နဝါရီလ(၄)ရက်၊ ည(၆)နာရီအချိန်က ဗုံးကွဲကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးကွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ကားလမ်းကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် အခြေအနေနှင့် ယင်းဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်းကိုမူ မသိရသေးပေ။

ဒေါက်တာဝင်းမြင့်ဆိုသူမှာ မြန်မာနိုင်ငံစက်သုံးဆီအသင်း ဥက္ကဌ ဖြစ်ပြီး  အာဏာသိမ်းစစ်ကောင်စီအတွက် ၂၀၂၁ ခုနှစ်၊ ဇွန် (၂၆)ရက်က သီလဝါဆိပ်ကမ်းမှ တဆင့် လေယာဉ်ဆီတင်သွင်းပေးခဲ့သူဟု သတင်းထွက်ပေါ်ခဲ့သူ ဖြစ်သည်။

ဒါ့အပြင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်ကလည်း လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ကြား ရွာမကျောင်းလမ်း ကွေ့အနီးရှိ  မြတ်မေတ္တာမွန်ဆီဆိုင်အား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း Special Task Agency of Burma (STA)က ထုတ်ပြန်ခဲ့သည်။