စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးလမ်းဘေးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးလမ်းဘေးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ မုံရွာ-မန္တလေးလမ်းဘေးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီစခန်းအား လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Peacock Drone Team-Myaung အဖွဲ့ထံမှ သိရသည်။

အုန်းတောကျေးရွာ မုံရွာ-မန္တလေးလမ်းဘေးတွင် အထိုင်ချတပ်စွဲထားသည့် အင်အား (၅၀) ခန့်ရှိသည့် စစ်ကောင်စီတပ်စခန်းအား သြဂုတ်လ (၂၇) ရက်နေ့ နေ့လယ် (၂) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး (၆၀) မမ နှစ်ပြောင်း အသီး (၁၅) လုံး ၊ (၈၀) မမ အသီး (၁၂) လုံး၊ Shar Htoo Waw နည်းပညာသုံး Fixed wings Drone (၄) စီး Drop Bomb (၈) လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အလောင်းများကို လူသိမခံဘဲ ရှင်းလင်းလိုသဖြင့် စစ်ကောင်စီမှ အုန်းတောကျေးရွာမှ ဖြတ်သန်းသွားသည့် မုံရွာ-မန္တလေး လမ်းပိုင်းအား (၂)နာရီခန့် ဖြတ်သန်းသွားလာခြင်း ပိတ်ဆို့ခဲ့ကြောင်း Peacock Drone Team-Myaung အဖွဲ့က ဆိုသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး (၆၀) မမ ၊ (၄၀) မမ ၊ စက်လက်များနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Peacock Drone Team-Myaung နှင့်အတူ Standard Revolution Force-SRF MMU ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၃)၊ အင်းလေးသား (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Golden Triangle (SGG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Peacock Drone Team-Myaung