စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာရှိ ပျူစောထီးများ နှင့် ညောင်ဖြူပင် စစ်ကောင်စီ အထိုင်စခန်းတို့အား ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း Monywa Youth Attacks Force–MYF အဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
မုံရွာမြို့နယ် တောပုကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့ မနက် (၆) နာရီခန့်မှ စတင်ပြီး မနက် (၉)နာရီအထိ အချိန် (၃)နာရီ ဝန်းကျင်ကြာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် မရပ်မနား ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုဆောင်ရွက်နေစဉ် မုံရွာမြို့နယ် မအူကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ခိုက်မှုအား နေရာပြောင်းရွှေ့ခဲ့ကာ ညောင်ဖြူပင် စစ်ကောင်စီအထိုင်စခန်းအား ထပ်မံ၍ ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညောင်ဖြူပင် စစ်ကောင်စီအထိုင်စခန်းအား တိုက်ခိုက်ရာတွင် ဒရုန်းဗုံးသီး အတိအကျ ကျရောက် ပေါက်ကွဲကြောင်း အတွင်းသတင်းရရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း Monywa Youth Attacks Force–MYF အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2 ၊ ChinDwin Fighter Group (C.F.G) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people's Defence Force ၊ မုံရွာခရိုင်တပ်ရင်း (၂၃)တပ်ခွဲ(၅) Midlane New Generation Defence Force မုံရွာခရိုင် တပ်ရင်း (၁၇) တပ်ခွဲ (၃) ၊ Monywa Youth Attacks Force-MYFနှင့် ဆားလင်းကြီးဒရုန်းအဖွဲ့များ အပါအဝင် ဒရုန်းမဟာမိတ် ညီနောင်များစွာတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Monywa Youth Attack Force -MYF