ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ၊ အုတ်ဆွဲကျေးရွာအုပ်စုအတွင်းရှိ ရေကြည်ကုန်းရွာတွင် "ဘယ် PDF မှ ဂရုစိုက်စရာ မလိုဘူး"ဟု ကြွေးကြော်ထားသည့် ရာအိမ်မှူးလင်မယား ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။
ရေကြည်ကုန်းရွာမှ ရာအိမ်မှူး ချက်ဖောင်း(ခ)ဇော်မင်းဦး နှင့် ၎င်း၏ ဇနီး ဇာဖြူနှင်းဆိုသူတို့ကိုကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁)၊ PPDF တပ်ရင်း တပ်ခွဲ(၃)က နေအိမ်ရှိ မီးသွေးမီးဖို အနီး၌ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရာအိမ်မှူးလင်းမယားသည် "ဘယ် PDF မှ ဂရုစိုက်စရာ မလိုဘူး"ဟု ကြွေးကြော်ထားပြီး ပြည်သူအပေါ်အနိုင်ကျင့် ဗိုလ်ကျခြင်း၊ ပေါင်းတလည်ရဲများနှင့်ပေါင်းပြီး လူငယ်လူရွယ်များရှိရာ အိမ်များအား ငွေညှစ်တောင်းခံခြင်း၊ အုပ်စုအတွင်းလူငယ်များကို PDF ထောက်ပို့ဟုဆိုကာ တိုင်ကြားခြင်းများ ပြုလုပ်သည်ဟု ပြည်ခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(၃၆၀၁)က ထုတ်ပြန်ထားသည်။
၎င်းတို့၏ တိုင်ကြားချက်အရ လူငယ်တချို့မှာ ဖမ်းဆီးရိုက်နှက်ခံရပြီး ထောင်ချခံရခြင်း၊ ခြိမ်းခြောက်ခြင်းများရှိ နေသဖြင့် အရေးယူရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
အဆိုပါတပ်ဖွဲ့သည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလကလည်း ပေါက်ခေါင်းမြို့နယ် နတ်တလင်ကျေးရွာရှိ စစ်ကောင်စီနှင့် ပေါင်းကာ စစ်သားစုဆောင်းပေးသူတစ်ဦးကိုလည်း ပစ်ခတ်သည်ဟု ထုတ်ပြန်ထားသည်။