ဟိုပင်မြို့နယ်အတွင်း ကျပ်သိန်း(၂၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းမိ၍ PDF က  မီးရှို့ဖျက်ဆီးကာ ဖမ်းမိသူများကို နောက်ဆုံးအကြိမ် သတိပေးထား

ဟိုပင်မြို့နယ်အတွင်း ကျပ်သိန်း(၂၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းမိ၍ PDF က  မီးရှို့ဖျက်ဆီးကာ ဖမ်းမိသူများကို နောက်ဆုံးအကြိမ် သတိပေးထား
ဒီဇင်ဘာ 27, 2021 | အခြားဒေသများ

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း နန့်ရင်းကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ လူတစ်စုကို မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းမိ၍ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း PDF တပ်ဖွဲ့ သတင်းထုတ်ပြန်ထားသည်။

ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာ၊ တိန်လုံကွင်းအတွင်း ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် အမျိုးသား(၃)ဦး နှင့် အမျိုးသမီး (၂)ဦးတို့ကို ကျပ်သိန်း(၂၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ဟိုပင်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းမိ၍ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ပြီး နောက်နောင် ထပ်မလုပ်ရန်နှင့် ယခုလို ထပ်လုပ်ပါက ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်းKachin Region People Defense Force - KPDF - Hopin က အသိပေးထားရှိသည်။