စစ်သုံပန်းများအား ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဟု ချင်းပြည်ကောင်စီဆို

စစ်သုံပန်းများအား ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဟု ချင်းပြည်ကောင်စီဆို

ချင်းပြည်နယ်အတွင်း ချင်းပြည်ကောင်စီတွင် ပူးပေါင်းပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်သုံပန်းများအပေါ်  ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီမှ ၂၀၂၄ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လတ်တလောကာလသည် ချင်းပြည်အတွင်း စစ်ရေးပြင်းထန်နေသည့် ကာလဖြစ်သည့်နှင့်အညီ ရှေ့တန်းတွင်တိုက်ပွဲဝင်နေသည့်  တော်လှန်ရေးတပ်ဖွဲ့များမှ စစ်သုံ့ပန်းများအပေါ် ကျူးလွန်ထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်ပေါ်တွင်ပျံနှံ့နေပြီး အဆိုပါကျူးလွန်သူများကို  ချင်းပြည်ကောင်စီမှ စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ချင်းပြည်ကောင်စီတွင် ပူးပေါင်းပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့များသည် Geneva Conventionပါ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လေးစားလိုက်နာသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကို အထူးသိရှိလိုက်နာရန် တပ်ရင်းတပ်ဖွဲ့အသီးသီးသို့ ညွှန်ကြားသင်ကြားထားပြီးဖြစ်ကြောင်း ချင်းပြည်ကောင်စီက ဆိုသည်။

ချင်းပြည်ကောင်စီသည် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများ အမြန်ဆုံးကင်းစင်နိုင်ရေးအတွက် စစ်ရေးအရှိန်အဟုန်မြှင့်လျှက်ရှိပြီး ၂၀၂၄ ခုနှစ် မေလ (၁၉) ရက်နေ့တွင် ကျီခါးမြို့ ၊ မေလ (၂၃)ရက်နေ့တွင် တွန်းဇံမြို့နယ်နှင့် မေလ (၃၀)ရက်နေ့တို့တွင် မတူပီမြို့နယ်၊ ခရိုင်ရုံးစသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းယူထားသည်။

#TachileikNewsAgency

Photo: Chinland Council