စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆင်အင်းရွာတွင် တပ်စွဲထားသော ပျုစောထီး (၄)ဦး စပါးသယ်ယူရန် ကင်းပုန်းဝပ်နေစဥ် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်သဖြင့် (၄)ဦးလုံးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၎င်းပျူစောထီးများကို ၂၀၂၃ခုနှစ် ဇွန်လ(၂၀)ရက်နေ့ ညနေပိုင်းက ဆင်အင်းရွာနှင့် မြင်းစီးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရွှေဘိုခရိုင် တပ်ရင်း (၄) နှင့် ဆင်အင်းရွာ (ပကဖ)တို့ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရရှိခဲ့သော လက်နက်များမှာ ကာဘိုင် (၃)လက်၊ AK-47 (၁)လက်၊ ကျည် (၂၉၆)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ ကျည်ဘောက်(၄)ခုနှင့် ချပ်ဝတ်တန်ဆာ (၄)ခုတို့ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ဇွန်လ(၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။
#TachileikNewsAgency
Photo : Ministry of Defence - National Unity Government of Myanmar
ရွှေဘိုမြို့နယ်တွင် ပျူစောထီး(၄)ဦး ပစ်ခတ်ခံရကာ လက်နက်များ သိမ်းဆည်းရရှိ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024