နောင်ချိုနှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က ဗုံး ၈ လုံးကြဲချ 

နောင်ချိုနှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က ဗုံး ၈ လုံးကြဲချ 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် နမ့်ဆန်မြို့နယ်တို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး (၂)လုံး အပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်သွားကြောင်း TNLA ထံမှ သိရသည်။

ယနေ့ နံနက် (၁)နာရီကျော်တွင် နောင်ချိုမြို့ သပြေရပ်ကွက်တွင် လေကြောင်းမှတစ်ဆင့် ပေါင်(၃၀၀)ဗုံး (၂)လုံး နှင့် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်သွားပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏ နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းတချို့ ပျက်စီးကာ အရပ်သားတစ်ဦးဒဏ်ရာရကြောင်း သိရသည်။

 

ထိုအပြင် နံနက်(၈)နာရီခွဲတွင် နမ်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်တချို့ ပျက်စီးသွားကြောင်း သိရသည်။ 

အောက်တိုဘာလ (၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၄)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News