ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ၏ သတင်းထောက်လှမ်းပေးနေသည့် ရဲသတင်းပေးတဦးအား ဖမ်းမိ

ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ၏ သတင်းထောက်လှမ်းပေးနေသည့် ရဲသတင်းပေးတဦးအား ဖမ်းမိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုများ၏ သတင်းထောက်လှမ်းပေးနေသည့် ရဲသတင်းပေးတဦးအား အရှင်ဖမ်းမိကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများ၏ သတင်းထောက်လှမ်းပေးနေသည့် ကျော်ထက်အောင်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့ ညနေ (၅)နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ပကဖ ၏ ကနဦး စုံစမ်းစစ်ဆေးမေးမြန်းမှုအရ ကျော်ထက်အောင်သည် မူးယစ်ဆေးဝါး ရောင်းချသူတစ်ဦး ဖြစ်ပြီး တောင်စွန်းနယ်ထိန်း ဇော်မင်းထွန်း၏ ခိုင်းစေမှုကြောင့် တော်လှန်‌ရေးအင်အားစုများ၏ သတင်းများကို စုံစမ်းထောက်လှန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲသတင်းပေးအား ကျူးလွန်ခဲ့သည့် ပြစ်မှုများအား ဆက်လက် စစ်ဆေးဖော်ထုတ်၍ ကြားကာလ စစ်သုံ့ပန်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ