မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်များတိုက်ခိုက်

မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်များတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် ဆက်လက်တိုက်ခိုက်နေကြောင်း TNLA ထံမှ သိရသည်။

မိုးကုတ်မြို့နယ် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို TNLAမှ တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊ ၈၈)နှင့် TNLA တို့ တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။

မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ(၂၂၃)နှင့် TNLA၊ PLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ဆန်ဖိတ်နှင့် (၅၀၃၊ ၅၀၄) တပ်စခန်းတို့ကို TNLA မှ တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် နောင်လိုင်ရွာကို စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၆)ကြိမ်၊ သဲခေါ်ရွာက်ု (၁)ကြိမ် လာရောက်ပစ်ခတ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News