ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ပဲခူးရိုးမအခြေပြုတပ်ခွဲ BTZM GBK PDF အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်းကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများနှင့် နယ်မြေခံ PDFများ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် သင်္ခရိုင်ကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း BTZM GBK PDF အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား မဟာမိတ် စစ်ရေးဖော်ဆောင်မှုအနေဖြင့် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄)မြေအောက်ပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့ နှင့် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုံဟောင်း)