တာချီလိတ်မြို့တွင် ကျပ်သိန်း ၃၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ကျပ်သိန်း ၃၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်စတုံကျေးရွာတွင် ငွေကျပ်သိန်း(၃၈၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

လွယ်စီတုံ (အပေါ်) ကျေးရွာအဝင် ပြည်သူ့စစ် စစ်ဆေးရေးဂိတ်၌ ၂၀၂၄ ခုနှစ် ‌ဇွန်လ(၃)ရက်နေ့က  မိုင်းဟဲဘက်မှ လွယ်စီတုံကျေးရွာဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာ‌သော ကားကို ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးပြီးနောက် လွယ်စီတုံအောက်ကျေးရွာအနီးတွင် တိမ်းမှောက်နေပြီး ယာဉ်မောင်းထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

ကားအတွင်းမှ ဆာလာအိတ် တစ်အိတ်လျှင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား(၂)သိန်းခန့်ပါ (၄၈)အိတ်ကို သိမ်းဆည်းရရှိသည်ဟု တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

#TachileikNewsAgency