နောင်ချိုမြို့မစျေးကို စစ်ကောင်စီဗုံးကြဲ

နောင်ချိုမြို့မစျေးကို စစ်ကောင်စီဗုံးကြဲ
စက်တင်ဘာ 21, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့မစျေးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၇)နာရီကျော်တွင် ဗုံးကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်သည် မြို့မစျေးကို Y12 လေယာဥ်ဖြင့် ဗုံး(၅)လုံးကြဲချသွားရာ စျေးဆိုင်ခန်းတချို့ ပျက်စီးသွားကြောင်း သိရသည်။ 

"စျေးကြီးမှာကမဖွင့်ဘူး။ စျေးအနောက်ဘက်တို့ အဲ့လိုအပြင်ဘက်ခြမ်းတွေမှာတော့ တစ်ဆိုင်စ၊ (၂)ဆိုင်စဖွင့်တယ်။ မနက်အစောဆိုပေမယ့် ဆိုင်တော့ ခင်းပြီးလောက်ကြမှာ၊ ဆိုင်တွေက စောစောဖွင့်ကြတယ်။"ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ ကိုပြောသည်။ 

ဗုံးကြဲခံရခြင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo: CJ