ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့  ဝင်ရောက်တိုက်ခိုက်

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့  ဝင်ရောက်တိုက်ခိုက်
စက်တင်ဘာ 19, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ကြောင်း Freedom Revolution Force(FRF) အဖွဲ့ထံမှ သိရသည်။

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချထားသည့် ကံပြားရွာ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အ.ထ.က စာသင်ကျောင်းနှင့် ကုန်းသာဦးဘုရား စသည့်နေရာ (၅)နေရာအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကံပြားရွာ ပုပ္ပါရုံကျောင်းတွင် ခန့်မှန်းအင်အား (၂၀)ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲဝင်များ အထိခိုက်များစွာဖြင့် တပ်စွဲထားသောနေရာအား စွန့်ခွာထွက်ပြေးသွားခဲ့ပြီး ရွှေဇာလီကုန်းပေါ်မှ စစ်ကောင်စီတပ်ဖွဲဝင်များအား (၄၀) မမများ တိုက်ရိုက်ထိမှန်ပြီး လူနာများကို သယ်ဆောင်ကာ စာသင်ကျောင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း Freedom Revolution Force(FRF) အဖွဲ့က ဆိုသည်။

တိုက်ပွဲများအတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Freedom Revolution Force (FRF) နှင့်အတူ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် (၅)၊ Burmese Guerrilla Force(BGF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency