စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်ကို KNLA နှင့် NUG တပ်များတိုက်ခိုက်

စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်ကို KNLA နှင့် NUG တပ်များတိုက်ခိုက်

ပဲခူးတိုင်း တောင်ငူ‌လေတပ်စခန်းဌာနချုပ်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆)ရက်နေ့တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြားမှု၊ အမှတ် (၂) စစ်ဒေသခွဲ၏ ကွပ်ကဲမှုဖြင့် စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်အား "Rain of Fire" စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လေတပ်စခန်းကို (၁၁၄)မမ ရှော့တိုက်ဒုံးများ၊ Kamikaze Drone များဖြင့် တိုက်ခိုက်ရာ စစ်ကာင်စီ၏ လေတပ်စခန်းဌာနချုပ်အတွင်း ထိခိုက်၊ သေ ဆုံး၊ ပျက်စီးမှုများရှိသည်ဟု ဆိုသည်။ 

ကနဦး သတင်းများအရ စစ်‌ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိမှုများလည်းရှိကာ ပျက်စီးမှုများကိုလည်း အတည်ပြုနေဆဲဖြစ်သည်ဟု ဆိုသည်။ 

"Rain of Fire" စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝေါ နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅) တပ်မဟာ (၂) အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency