ယောဒေသရှိ ABSDF က ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားပြုလုပ်

ယောဒေသရှိ ABSDF က ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားပြုလုပ်

(၃၆)နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် အမှတ်(၃) စစ်ကြောင်း၊ အမှတ်(၁၂)တပ်ရင်း၊ ယောဒေသက ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ကြောင်း သိရသည်။ 

မြန်မာပြည် ဒီမိုကရေစီအရေး တိုက်ပွဲများတွင် အသက်စွန့်ခဲ့လေပြီးသော အာဇာနည်သူရဲကောင်းများအား ဦးညွှတ်အလေးပြုခြင်းနှင့် မကဒတ ဗဟို၏ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ (၃၆)နှစ်ပြည့် ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။   

အဆိုပါ အခမ်းအနားကို ယောဒေသရှိ ဒေသကာကွယ်ရေးအဖွဲ့များ၊ ပအဖများ၊ ပကဖများ၊ PDF များ၊ ဒေသခံရဟန်းရှင်လူများ တက်ရောက်ခဲ့ကြ သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ABSDF Column - 3