မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်ကောင်စီတပ်စခန်း(၁၈၅)ခုကို တော်လှန်ရေးတပ်များက (၄)လအတွင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Burma Fascism and Nationalism Watch (BFNW) ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။
၂၀၂၄ခုနှစ် မေလမှ ဩဂုတ်လအတွင်းသိမ်းပိုက်နိုင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်အလိုက် စစ်ကောင်စီတပ်စခန်းများ မှာ ချင်းပြည်နယ်တွင် (၂၀)ခု၊ ရခိုင်ပြည်နယ်တွင် (၂၄)ခု၊ ကချင်ပြည်နယ်တွင် (၅၀)ခု၊ မကွေးတိုင်းတွင် (၉)ခု၊ မန္တလေးတိုင်းတွင် (၅၈)ခု၊ တနင်္သာရီတိုင်းတွင် (၅)ခု၊ စစ်ကိုင်းတိုင်းတွင် (၃)ခု၊ ပဲခူးတိုင်းတွင် (၁)ခု၊ ကရင်ပြည်နယ်တွင် (၂)ခု၊ ရှမ်းပြည်နယ်တွင် (၉)ခု၊ မွန်ပြည်နယ်တွင် (၂)ခုနှင့် ကရင်နီတွင် (၂)ခုတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသများတွင် တိုက်ပွဲပေါင်း(၁၂၅၉)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၇၃၄)ကြိမ် ရှိခဲ့ကာ အရာရှိနှင့် တပ်သား (၃၈၇)ဦး အလင်းဝင်လာခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Burma Fascism and Nationalism Watch (BFNW)