အာဏာသိမ်းစစ်ကောင်စီ၏ တပ် မတူပီဘက်ကို စစ်ကားအစီးရေ (၉၀)ကျော်ဖြင့် စစ်ကြောင်းချီနေ

အာဏာသိမ်းစစ်ကောင်စီ၏ တပ် မတူပီဘက်ကို စစ်ကားအစီးရေ (၉၀)ကျော်ဖြင့် စစ်ကြောင်းချီနေ
ဇန်နဝါရီ 9, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မတူပီမြို့သို့  စစ်ကားအစီးရေ(၉၀)ကျော်ဖြင့် စစ်ကြောင်းချီလာသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်သည် (၂၃)မိုင်၊ (၂၄)မိုင်တွင် ညအိပ်ရပ်နားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းများသည် မိုင် (၃၀)ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။

မင်းတပ်မြို့တွင် တပ်စွဲထားသော နယ်မြေခံတပ်ရင်းအဖွဲ့သည် မင်းတပ် - မတူပီလမ်း (၁၀)မိုင်ဝန်းကျင်အထိ လိုက်လံပို့ ဆောင်ပေးပြီး ပြန်လှည့်လာကာ ယခုညတွင် (၆)မိုင်ဘုန်းကြီးကျောင်းနှင့် ပြည်သူ့နေအိမ်အချို့၌ ညအိပ်ရပ်နား နေကြောင်း သိရသည်။

ဇန်နဝါရီလ(၆)ရက်နေ့ကလည်း မတူပီ - ဟားခါးလမ်းမဝဲဘက်ရှိ ကီလှုန်းနှင့် လုံလျောရွာသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ဇန်နဝါရီလ (၄) ရက်တွင်လည်း မတူပီ - ဟားခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မတူပီတို တိုက်ပွဲဖြစ်ပွားခဲ့သည်။