အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ကျဥ်းများ ညှင်းပန်းနှိပ်စက်ခံနေရ 

အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ကျဥ်းများ ညှင်းပန်းနှိပ်စက်ခံနေရ 

ရန်ကုန်မြို့ အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံအရေးအကျဉ်သားများကို ထောင်အာဏာပိုင်များက ညှဉ်းပမ်းနှိပ်စက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့က အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သည့် အကျဉ်းသား (၃၀၀)ဦးကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်များက ညှဥ်းပမ်းနှိပ်စက်မှုများ ကျူးလွန်နေကြောင်း သိရသည်။

အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ထောင်အဝင်နှင့် ထောင်ဗူးဝ၌ ရိုက်နှက်မှုများကို စတင်ပြုလုပ်ခဲ့ကြသည် ဟုဆိုသည်။ 

ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသား(၄၀)ဦးကျော်မှာ ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားများကို တစ်လကျော်ကြာသည်အထိ ခြေကျင်းဒေါက်များ ခတ်ထားသည်ဟု သိရသည်။ 

ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၎င်းတို့ Black List သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား(၁၀)ဦးကျော်ကိုလည်း တိုက်တွင်းသာထားပြီး နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက်(၅၀)ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း စိုးမင်း (တပ်ကြပ်) ဆိုသူက အဓိကပါဝင်သည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲအစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency