ရိုးမပတ်လမ်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ပဲခူး PDF က ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦး သေသွား

ရိုးမပတ်လမ်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ပဲခူး PDF က ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦး သေသွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပဲခူးခရိုင် PDF က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ရိုးမပတ်လမ်းသို့ ဝင်ရောက်လာသဖြင့် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၃)၊ တပ်စုမှူး စနိုက်ပါ ဦးဆောင်သော YPDF တပ်ဖွဲ့တို့နှင့် မရိုးခုံကျေးရွာ မြောက်ဘက် စိန်တောင်လမ်း၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြောက်ကျားနည်းအသုံးပြုသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုတစုံတရာမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။