"ကုရ်ဘာနီ"အခမ်းအနားကို ULA/AA တက်ရောက်၍ လှူဒါန်း

"ကုရ်ဘာနီ"အခမ်းအနားကို ULA/AA တက်ရောက်၍ လှူဒါန်း

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၂၉)ရက်နေ့ မနေ့က ပြုလုပ်ခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏ "ကုရ်ဘာနီ"နေ့ကို ရက္ခိုင့်တပ်တော်(AA)မှ တာဝန်ရှိသူတချို့တက်ရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုရ်ဘာနီပွဲ၌ အာရက္ခနိုင်ငံတော်တေးခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များအား ULAမှ ဆန်နှင့် ငွေကြေးများ ပံ့ပိုးလှူဒါန်းခဲ့ကြောင်း ULA/AAထံမှ သိရသည်။

ရက္ခိုင်ပြည်တွင် ကုရ်ဘာနီ အထိမ်းအမှတ်အခမ်းအနားများကို  မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များ၌ ကျင်းပခဲ့ပြီး AAမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ULA/AA