မုံရွာမှ စစ်ကိုင်းဘက်သို့ ဦးတည်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် (၁၀)ဦး ဝန်းကျင် သေဆုံးနိုင်

Photo: CCG
Photo: CCG
မုံရွာမှ စစ်ကိုင်းဘက်သို့ ဦးတည်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် (၁၀)ဦး ဝန်းကျင် သေဆုံးနိုင်
အောက်တိုဘာ 27, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ဦးတည်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ကား(၁၃)စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ကားကြီး(၂)စီး ပျက်စီးပြီး (၁၀)ဦးဝန်းကျင် သေဆုံးနိုင်ကြောင်း ဒေသအခြေပြု ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေးက အောက်တိုဘာလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ဦးတည်လာသည့် အဆိုပါ ယာဉ်တန်းအား မြင်းမူမြို့နယ် အလ္လကပကျေးရွာ နှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာများအထိ အာဏာသိမ်းစစ်တပ်သည် လက်နက်အင်အား၊ လူအင်အားတိုးချဲ့ပြီး စစ်ဆင်ရေးများ ပြုလုပ်နေသလို ယာဉ်တန်းများလည်း ဒေသကာကွယ်ရေးအဖွဲ့များက  မိုင်းဆွဲတိုက်ခိုက်မှုကို မကြာခဏ ခံရကြောင်း သိရသည်။