ရေကြည်မြို့နယ်တွင် ၂၀၂၀ ခုနှစ်က မိုးစပါးချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အတင်းပြန်တောင်းနေ

ရေကြည်မြို့နယ်တွင် ၂၀၂၀ ခုနှစ်က မိုးစပါးချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အတင်းပြန်တောင်းနေ

ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် ၂၀၂၀ ခုနှစ်က မိုးစပါးချေးငွေများကို စစ်ကောင်စီ၏ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က အတင်းအဓမ္မ ပြန်လည်တောင်းယူနေကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

(၃)နှစ်ကြာပြီဖြစ်သည့် အဆိုပါချေးငွေကို အတိုးများပေါင်းထည့်ကာ တောင်းခံနေခြင်းဖြစ်ပြီး တောင်းခံစာတွင် ဝရမ်းထုတ်ဆင့်၍ အရတောင်းခံရန် လျောက်ထားချက်ရှိသည်ဖြစ်၍ ၎င်းငွေကို ဘဏ်မန်နေဂျာ မြင့်စိုးလက်သို့ ပေးဆောင်ရန် စာပေးပို့ထားသည်ဟု သိရသည်။

"၂၀၂၀ ကိုဗစ်ကာလက ထုတ်ချေးထားတဲ့ငွေတွေကို အတင်းအဓမ္မပြန်တောင်းနေတယ်။ မြို့နယ်ဘဏ်မန်နေဂျာနဲ့ စစ်ကောင်စီကလူတွေက။ အခုက ကုန်ဈေးနှုန်းတွေကတက် ငွေရေး၊ ကြေးရေးက အဆင်မပြေတော့ ပြန်မဆပ်နိုင်ဘူးဖြစ်နေတာ။"ဟု ဒေသခံ လယ်သမားတစ်ဦးက Tachileik News Agencyကိုပြောသည်။

ချေးငွေကို ဘဏ်မန်နေဂျာမြင့်စိုးလက်သို့ ပေးဆောင်ရမည် သို့မဟုတ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ဘဏ်သို့လာ‌ရောက်ပြီး မည်သည့်အကြောင်းကြောင့် ၎င်းငွေကို အရမတောင်းခံသင့်ကြောင်း အကြောင်းပြ ထုချေရမည်ဟု ပေးပို့ထားခြင်းဖြစ်သည်။

#TachileikNewsAgency