KNU တပ်မဟာ(၅) နယ်မြေအတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦး သေသွား

KNU တပ်မဟာ(၅) နယ်မြေအတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦး သေသွား
စက်တင်ဘာ 25, 2022 | အခြားဒေသများ

 ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅)နယ်မြေတွင် စင်တင်ဘာလ (၂၄)ရက်နေ့က အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ (၃)ကြိမ်ဖြစ်ပြီး စစ်ကောင်စီ တပ်သား (၅)ဦးသေကာ ထောက်ပို့ ကားတစ်စီး ပျက်စီး ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ BGF တပ်များနှင့်ဒွယ်လိုမြို့၊ ဝါးဒူးကျေးရွာနှင့် ထိုးဖိုရွာအကြားတွင် တိုက်ပွဲဖြစ်ကာ BGF တပ်သား နှစ်ဦးသေပြီး ထောက်ပို့ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ဒါအပြင် ယင်းနေ့ နံနက်ပိုင်းမှာပင် ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ်(၁၉)ခြေလျပ်တပ်ရင်း တစ်ကြိမ်၊ ဒွယ်လိုးမြို့ တါခေါ်ခီးရွာအနီးတွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦးသေကြောင်း သိရသည်။

စက်တင်ဘာလ (၂၃)ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ်၊ မော့ကူးလူဒေသတွင် တိုက်ပွဲတစ်ကြိမ်၊ မူတြော်ကလိုးဒေသတွင် တစ်ကြိမ်၊ ဖာပွန်-ကမမောင်း ကားလမ်း၊ ဆင်ဆွယ်နှင့် တောင်သုံးလုံးကြားတွင် နှစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။