ဖြူးမြို့နယ်အတွင်း လိပ်ပေါကျေးရွာ နှင့် စက်ကုန်းကျေးရွာတို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပူးပေါင်း တိုက်ခိုက်

Photo: တောင်ပိုင်းစစ်ဒေသ
Photo: တောင်ပိုင်းစစ်ဒေသ
ဖြူးမြို့နယ်အတွင်း လိပ်ပေါကျေးရွာ နှင့် စက်ကုန်းကျေးရွာတို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပူးပေါင်း တိုက်ခိုက်

တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း လိပ်ပေါကျေးရွာ နှင့် စက်ကုန်းကျေးရွာတို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာများသို့ ဖြူးပကဖ မဟာမိတ်အဖွဲ့နှင့် စစ်ကြောင်း(၁) Drone Team အဖွဲ့များက ဩဂုတ်လ ( ၁၉ ) ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးကျဲချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၇ ) ဦး သေဆုံးပြီး ၊ ( ၄ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။

ဩဂုတ်လ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဖြူးမြို့နယ်အတွင်းရှိ စက်ကုန်းကျေးရွာသို့ ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၁၂ ) ဦး သေဆုံးပြီး ၊ ( ၅ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီစစ်ကြောင်းသည် လိပ်ပေါရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။

တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် သြဂုတ်လ ( ၂၀ ) ရက်နေ့ နံနက် ( ၁၁ ) နာရီခန့်တွင် နယ်မြေရှင်းလင်းမှုလုပ်ဆောင်ရာတွင် ကပစကျည် 5.56 ကျည် 195 တောင့်၊ လွယ်အိပ် 2 လုံး နှင့် ဆေးပစ္စည်းအချို့ကိုသိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲရှိ ရိုးမ ၁ စစ်ကြောင်းနှင့် PDO ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။