ကလေးမြို့နယ်အတွင်း ရန်ကြီးအောင်ကျေးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၅)ဦးသေဆုံး

Photo: Chinland Defense Force - Kalay Kabaw Gangaw
Photo: Chinland Defense Force - Kalay Kabaw Gangaw
ကလေးမြို့နယ်အတွင်း ရန်ကြီးအောင်ကျေးရွာတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၅)ဦးသေဆုံး
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ စခန်းကို ယနေ့ ဖေဖော်ဝါရီလ(၁၄) ရက်၊ ည(၆)နာရီက ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်ရာ စစ်ကောင်စီတပ်သား(၅)ဦးသေပြီး ဒဏ်ရာရသူများကြောင်း CDF-KKG က သတင်းထုတ်ပြန်လာသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် CDF-KKG နှင့်  CDF -  ဟားခါးတို့က လက်နက်ကြီးများ၊ သေနတ်များဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ(၁)နာရီဝန်းကျင် ကြာမြှင့်ခဲ့ကြောင်း သိရသည်။

ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့်  စစ်ကောင်စီတပ်သည် ဒေသခံများကို ပျူစောထီး(ပြည်သူ့စစ်ဖွဲ့)ရန် ဖိအားပေး စည်းရုံးခဲ့‌ကြောင်း သိရသည်။ 

ဒါ့အပြင် ဖေဖော်ဝါရီလ (၁၃)ရက်ကလည်း ၎င်းတပ်များက ဒေသခံများကို (၃)ရက်အတွင်း ရှောင်တိမ်းရန်နှင့် မလိုက်နာပါက ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့၏ ည(၆)နာရီဝန်းကျင်တွင် စစ်ဘေးရှောင်များရှိသည့် နေရာကို လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။