ခလရ ၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNU ထံလာရောက်ပူးပေါင်း 

ခလရ ၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ KNU ထံလာရောက်ပူးပေါင်း 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံတပ် ခလရ(၃၂)တပ်ရင်းမှ တပ်သားတစ်ဦး ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းကြောင်း KNUက ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့က အသက် (၂၁)နှစ်အရွယ်ရှိ တပ်သား ဇင်မင်းအောင်သည် လက်နက်ခဲယမ်းနှင့်အတူ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၇)ထံသို့ လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး ၎င်းနှင့်အတူ MA-1 (၁)လက်၊ ကျည်ဘောက် (၈)ခု၊ ကျည်တောင့် (၂၀၆)တောင့်၊ အီနာဂါ (၁)လုံးနှင့် အီကွေးမင့် (၁)စုံတို့ ပါဝင်သည်ဟု သိရသည်။ 

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီတပ်အား ပြန်လည်တော်လှန်မည့် အဆိုပါ တပ်သား ဇင်မင်းအောင်အား KNU - ဒူးပလာယာခရိုင်၊ KNLA - တပ်မဟာ (၆)မှ သတ်မှတ်ထားသည့် ထောက်ပံ့မှုပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ်ပေးထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNU - Dooplaya District