ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ ၆ ဦးသေ

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ ၆ ဦးသေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အောင်ဇေယျ စစ်မှုထမ်းဟောင်းရပ်ကွက် သီတဂူဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ (၆)ဦသေကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ(၁၇) ရက်နေ့က ဒုရဲအုပ်တစ်ဦး အပါအဝင် (၆)ဦးသည် Probox ကားတစ်စီးနှင့် ဆိုင်ကယ်(၃)စီးဖြင့် ကျောင်းထဲမှထွက်ခွာလာရာ ကျောင်းအနီးတွင် အသင့်စောင့်ကြိုနေသော ယင်းမာပင်မြို့နယ် တိုက်နယ် (၁) ပကဖအဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲ(၆)ဦးလုံး သေဆုံးကာ ၎င်းတို့ ကိုင်ဆောင်သော G-3 (၃)လက်၊ HK-33 (၁)လက်၊ အူဇီ (၁) လက်နှင့် M-16 (၁)လက်တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သေဆုံးသူများတွင် ဒုရဲအုပ်တစ်ဦး၊ ဒုတပ်ကြပ် (၂)ဦး (သစ်တာရဲ ၁ ဦး)၊ ရဲတပ်သား(၃)ဦး (သစ်တောရဲ ၁ ဦး) စုစုပေါင်း (၆)ဦး သေဆုံးကြောင်း သိရသည်။

#TachileikNewsAgency