တော်လှန်ရေးအင်အားစုပိုင် ကား အပါအဝင် ကားအစီးရေ (၁၅)စီးကို ကိုယ်ကျိုးအတွက် အသုံးပြုနေသူကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီး ထိန်းသိမ်း

တော်လှန်ရေးအင်အားစုပိုင် ကား အပါအဝင် ကားအစီးရေ (၁၅)စီးကို ကိုယ်ကျိုးအတွက် အသုံးပြုနေသူကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီး ထိန်းသိမ်း

တော်လှန်ရေးအင်အားစုအဖွဲ့ပိုင်ကားနှင့် မြို့နယ်အသီးသီးမှ ကားအစီးရေ(၁၅)စီးအား ကိုယ်ကျိုးအတွက်အသုံးပြုနေသူကို ဖမ်းဆီး ထားကြောင်း ကျိုက်ထို PDF က ယနေ့ မတ်လ(၁)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ရာဇာ

ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်နေ ရာဇာ ဆိုသူကို အဆိုပါကိစ္စများကြောင့် ဧပြီလ(၂၀)ရက်က KRF နှင့် ကျိုက်ထိုမြို့နယ်မှ တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်သည်။

 " ရာဇာ အား ဖမ်းဆီးလိုက်ရခြင်းမှာ ပြည်သူများ ချွေးနည်းစာဖြင့် လှူဒါန်းထားသော တော်လှန်ရေးအင်အားစု အဖွဲ့ပိုင်ကား အပါအဝင် အမြို့မြို့အနယ်နယ်မှ ကားစီးရေ (၁၅) စီးခန့်အား ရာဇာမှ ၎င်း၏ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုရယူခဲ့ပြီး ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးစေခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်ရခြင်းဖြစ်သည်။"ဟု ထုတ်ပြန်ထားသည်။ 

 KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။

KRF အနေဖြင့် ပြည်သူလူထုအပေါ်  တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိကြောင်းနှင့် KRF မှ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများအား ပြည်သူများထံသို KRF Page မှတဆင့် အတိအလင်း အသိပေး ဖော်ပြမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။