ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပခုက္ကူ PDF မှ ဝင်ရောက်ပစ်ခတ်

ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပခုက္ကူ PDF မှ ဝင်ရောက်ပစ်ခတ်

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၁) ရက်နေ့တွင် Pakokku People Defense Force PPDFက ဝင်ရောက်ပစ်ခတ်ကြောင်း သိရသည်။

ယနေ့ မေလ (၂၁) ရက်နေ့တွင် အရှေ့ချောက်ကန်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ဘုန်းကြီးကျောင်းစစ်ဆေးရေးဂိတ်အား ပခုက္ကူ PDFမှ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း PPDFမှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုဆောင်ရွက်ရန် ကြိုးပမ်းရာတွင် အရှေ့ချောက်ကံကျေးရွာရှိ ပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အကြောင်းအရင်းမရှိ စကားပြောဆိုနေကြသဖြင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ပြည်သူများအနေဖြင့် နောက်နောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပက်သက်ဆက်နွယ်မှုများ မပြုလုပ်ကြရန်လည်း PPDF မှ တိုက်တွန်းသည်။

စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုအတွင်း ပခုက္ကူ PDFမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ပခုက္ကူမြို့အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency