မုံရွာ - အမြင့်လမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မုံရွာ - အမြင့်လမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

 စစ်ကိုင်းတိုင်း မုံရွာ - အမြင့်လမ်း ညောင်ပင်သာရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို    ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်၍ အနီးကပ်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု (၄၅)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်များအထိုင်ချထားသည့် ကညနရုံးဘက်မှ (၆၀)မမဖြင့် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄၊ အထူးကွန်မန်ဒို တပ်ဖွဲ့ ( Monywa The Boys )၊ Spring Dove၊ ဗိုလ်ဒဿပြောက်ကျားတပ်ဖွဲ့၊ 5/UG Task Force၊ Democratic Guerrilla Force (DGF)၊ Monywa Commando Force၊ Unity Force၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ အရာတော်မြိုနယ် ပကဖ၊ Peacock King PDF နှင့် God Of Snake တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက်ကလည်း  အလုံမင့်ထောင့်ဆိပ်ကမ်းမှစုန်လာသော စစ်ကောင်စီတပ်ဖွဲ့ သင်္ဘော(၁၅)စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော များဘက်က စက်သေနတ်များ၊ အမြောက်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။