KNLA တပ်မဟာ(၁)၏ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များ ဧပြီလ(၂၃)ရက်နေ့ နောက်ဆုံးထား ထွက်သွားကြရန် တပ်မဟာ(၁)က သတိပေးထုတ်ပြန်

KNLA တပ်မဟာ(၁)၏ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များ ဧပြီလ(၂၃)ရက်နေ့ နောက်ဆုံးထား ထွက်သွားကြရန် တပ်မဟာ(၁)က သတိပေးထုတ်ပြန်
ဧပြီ 20, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ KNLA တပ်မဟာ(၁)နယ်မြေအတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်များ ဧပြီလ(၂၃)ရက်နေ့ နောက်ဆုံးထား ထွက်သွားကြရန် တပ်မဟာ(၁)က ယနေ့ ဧပြီလ(၂၀)ရက်နေ့တွင် ထုတ်ပြန် သတိပေးလိုက်သည်။

တပ်မဟာ(၁)၊ KNDO တပ်ရင်း(၂)နယ်မြေအတွင်းရှိ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းတို့တွင် တပ်စွဲနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များကို သတိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

၎င်းတပ်များ ဆုပ်ခွါခြင်း မရှိပါက စစ်ရေးအရ ထိ‌ရောက်စွာအရေး ယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် နိုင်ငံအနှံ့အပြားရှိ တိုင်းရင်းသား ပြည်သူလူထုအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အိမ်ထောင်သည်နှင့် ကလေးသူငယ် များပါ မကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် လူသားမဆန်သည့် ကိစ္စရပ်များ ပြုမူဆက်ဆံသည်ကို တွေ့ရသဖြင့် လုံးဝနေထိုင်ခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency