အုတ်တွင်းမြို့နယ် ပေါက်ကုန်းကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

အုတ်တွင်းမြို့နယ် ပေါက်ကုန်းကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်ကုန်းကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့် နေရာများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Delta One Drone Force ထံမှ သိရသည်။

အုတ်တွင်းမြို့နယ် ပေါက်ကုန်းကျေးရွာရှိ စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့် နေရာများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ နေ့လယ် (၁၁) နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် 5 Kg အလေးချိန်ရှိ ဗုံးသီး (၅)လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ Drone ဖြင့် ပြည်သူများ နေအိမ်ပေါ်သို့ ဗုံးသီး ပြန်လည်ကြဲချတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း Delta One Drone Force အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Delta One Drone Force နှင့် အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: Delta One (ပုံဟောင်း)