ပေါက်မြို့နယ်ရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ သေနတ်များ သိမ်းဆည်းရရှိ

ပေါက်မြို့နယ်ရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ သေနတ်များ သိမ်းဆည်းရရှိ

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်အထိုင်ချရာနေရာကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးများ သေဆုံးပြီး လက်နက်များကို သိမ်းဆည်းရရှိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

ပေါက်မြို့နယ် သစ်ချိုကုန်း ပြည်သူ့စစ်ရွာတွင် အထိုင်ချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်နှင့်  ခင်မောင်ရီ ဦးဆောင်သော ပျူစောထီး ပူးပေါင်းအဖွဲ့အား ၂၀၂၄ခုနှစ် ဇွန်လ (၁)ရက်နေ့ ညပိုင်းက တော်လှန်ရေးတပ်များက Drone အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး(၅)ဦးသေဆုံးပြီး တချို့မှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့သဖြင့် အထိုင်ချ ကင်းစောင့်နေသော ဘန်ကာများအားလုံးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်သော အဆောက်အဦးများအား ဖျက်ဆီးရှင်းလင်းခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ပျူစောထီးများထံမှ ကာဘိုင် တစ်လက်၊ ကာဘိုင်ကျည်ဘောက် (၃) ခု၊ လက်ပစ်ဗုံး တစ်ခု၊ ကာဘိုင် ကျည်(၁ဝ၂)တောင့်၊ (၁၂)ဗို့ (၃)လက်နှင့် လက်လုပ် သေနတ် (၅)လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ မြိုင် ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE- S.R.F၊ ပခုက္ကူခရိုင် တပ်ရင်း(၁၂)၊ မကွေးခရိုင် တပ်ရင်း(၂)၊ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး -NPRF၊ အဆိုတော် အဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်း -ပကဖ၊ PPDF၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Pauk Based On Revolution Force -PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF -ကမ္မတပ်ပေါင်းစု၊ စကားပြောက်ကျားတပ်ဖွဲ့၊ ဦးကြီး တပ်ဖွဲ့၊ ပေါက် ပကဖ Drone တပ်ဖွဲ့၊ BRAF Drone TEAMနှင့် မိုးပျံ Drone တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ