ပခုက္ကူလေဆိပ်အား ဒရုန်းများဖြင့် တိုက်ခိုက်ပြီးနောက် လေဆိပ်တွင်တပ်စွဲနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပြန်လည်ဆုတ်ခွာသွား

ပခုက္ကူလေဆိပ်အား ဒရုန်းများဖြင့် တိုက်ခိုက်ပြီးနောက် လေဆိပ်တွင်တပ်စွဲနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပြန်လည်ဆုတ်ခွာသွား

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူလေဆိပ်အား Fixed Wing Drone များဖြင့် တိုက်ခိုက်ပြီးနောက် လေဆိပ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ဆုတ်ခွာသွားကြောင်း ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ် ပခုက္ကူလေဆိပ်ရှိ ပျူစောထီးများတပ်စွဲနေသည့် နေရာများအား Fixed Wing Drone များဖြင့် ဇူလိုင်လ (၁၆)ရက်နေ့ ညပိုင်းနှင့် (၁၇)ရက်နေ့ မနက်မှ ညပိုင်းအထိ PDF ပူးပေါင်းတပ်ဖွဲ့များမှ ဗုံးသီးအလုံးရေ (၄၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၁၉) ရက်နေ့တွင်လည်း မနက်ပိုင်းမှစတင်ကာ ညနေပိုင်းအထိ ပခုက္ကူလေဆိပ်အား Fixed Wing Drone များဖြင့် ဗုံးသီး (၁၅)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကာ ဇူလိုင်လ (၂၀)ရက်နေ့တွင် ပျူစောထီးများ လေဆိပ်တွင် ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ဆုတ်ခွာသွားကြောင်း ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား မြိုင်ပကဖ၊ Royal Eagle၊ ဒေါင်းသွေးနီ၊ ဒေါင်းအလံလွင့်မည့်စေတမန်၊ PKU N PDF၊ ပခုက္ကူ ပကဖ ဒရုန်းတပ်ဖွဲ့၊ နယ်စည်းမခြားနှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -(၂) Shwe Nyar Myae PDFတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency