အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း

အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးတစ်ဦးအား ပစ်ခတ်ရှင်းလင်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကြို့ပင်ကောက်မြို့ Black Dragon (GBK PDF) အဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းအုပ်စု ထန်းပင်ကုန်းကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီသတင်းပေးတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဇွန်လ (၂၇) ရက်နေ့ နံနက်ရှစ်နာရီခွဲတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီသတင်းပေးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကို စစ်ကောင်စီထံ စုံစမ်းပေးပို့ခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုအား မမှန်မကန်သတင်းပေး ဖမ်းဆီးစေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Black Dragon (GBK PDF) အဖွဲ့မှ ဆိုသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ သာယာဝတီခရိုင်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ  တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့