မူတြော်ခရိုင်၌ စက်တင်ဘာလအတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော်ဖြစ်

မူတြော်ခရိုင်၌ စက်တင်ဘာလအတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မူတြော်ခရိုင်၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း (၁၁၄)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား (၇၄)ဦး သေဆုံးကြောင်း KNU က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား စက်တင်ဘာလအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၁၄၄)ကြိမ် ဖြစ်ပွားသည်ဟု ဆိုသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူများထဲတွင် တပ်ရင်းမှူး (၁)ဦး၊ တပ်ခွဲမှူး (၂)ဦးနှင့် ဒုတပ်ခွဲမှူး (၁)ဦးတို့ပါဝင်သည်ဟု ဆိုသည်။ 

တိုက်ပွဲများဖြစ်ပွားစဉ်အချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကို အဓိကအသုံးပြုပြီး ပစ်ကူပေးခြင်းနှင့် ရိက္ခာပို့ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Internet (ပုံဟောင်း)