မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ဂျက်လေယာဥ် (၂)စီးဖြင့် ဗုံးကြဲ

မိုးကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ဂျက်လေယာဥ် (၂)စီးဖြင့် ဗုံးကြဲ

မန္တ‌လေးတိုင်း မိုးကုတ်မြို့နယ် ဟိုဝိတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ဂျက်လေယာဥ် (၂)စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်အိမ် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထံမှ သိရသည်။

ထို့အပြင် နောင်ချိုမြို့နယ် အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ ဇွန်လ (၁၉)ရက်နေ့ ညနေပိုင်းတွင်လည်း မိုးကုတ်မြို့ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ (၄၅)မမ လက်နက်ကြီးအမျိုးအစားဖြင့် စလောင်တောင်အနီးသို့ (၄)လုံးနှင့် ညနေပိုင်းတွင် ညောင်ကုန်းရွာသို့ (၂)လုံး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇွန်လ (၁၈)ရက်နေ့မှ ဇွန်လ (၂၀)ရက်နေ့အထိ (၃)ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှုများကြောင့် TNLA တပ်ဖွဲ့ဝင် (၃)ဦး ကျဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၃)လုံးနှင့် ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency