နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား   နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ညီနောင်(၃)ဖွဲ့ဆို

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား   နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ညီနောင်(၃)ဖွဲ့ဆို

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား   နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့တွင် တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းလုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်စိမ်များကို ထိခိုက်စေနိုင်သော မည်သည့်အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်မခါမျှအားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားမည်ဟု ဆိုသည်။

ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန် လမ်းမှန်နှင့် အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ်  အနှောင့်ယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့်ပြစ်မှုကျူးလွန်သူ မည်သူမဆို ဥပဒေအရ အရေးယူသွားမည်ဟုလည်း ထုတ်ပြန်သည်။

အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သူများနှင့် ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကိုလည်း ဖြိုခွင်းတိုက်ဖျက် အရေးယူသွားမည်ဖြစ်သည့်အပြင် လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားစေခိုင်းသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ဆိုသည်။

မြန်မာပြည်သူတစ်ရပ်လုံးနှင့် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အားပေးထောက်ခံသူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ရပ်များတွင် အတူတကွ တက်ကြွစွာပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့တွင် ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်မတော်(TNLA)တို့ပါဝင်သည်။

#TachileikNewsAgency