စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးတပ်က သတိပေး

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးတပ်က သတိပေး

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် မကွေးတိုင်းအတွင်းရှိ ဆော-ကျောက်ထုလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုကြရန် ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းတွင်း သွားလာသူများအ‌နေဖြင့် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များထံ အကြောင်းမကြားဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာအားလုံးကို တာဝန်ယူနိုင်မည် မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။

"စစ်ရေးအခြေအနေအရပါ။ အခု စစ်ကောင်စီတပ်တွေ စစ်ကြောင်းဝင်နေလို့ပါ။"ဟု ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့က စစ်ကောင်စီတပ်၏ ထောက်ပို့စစ်ယာဉ်တန်းများသည် ကျောက်ထုအမြောက်တပ်သို့ ရောက်ရှိလာပြီး ဆောဘက်သို့ ထွက်ခွါနိုင်သည်ဟု  ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဆော-ကျောက်ထုလမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြသော ခရီးသွားပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency